Computer ကို ဖွင့်ပြီး စသုံးလိုက်တာနဲ့စနစ်နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ application တွေ ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့သိထားသင့်ပါတယ်။ Windows Task Manager နဲ့ စစ်ကြည့်နိုင်ပေမယ့် အသေးစိတ်တော့မသိနိုင်ပါ။ ဒီ အားနည်းချက်ကို Process Hacker က အားဖြည့်ပေးခြင်း ဖြစ်ပါတယ်။ Process Hacker က ဖျောက်ထားတဲ့ ၊ ဖွက်ထားတဲ့ လုပ်ငန်းစဉ်များကိုပါ သိတာတယ်။ တစ်ချို့က ဒါတွေ သိစရာမလိုဘူးလို့ ပြောကြပါတယ်။ Computer မှာ Error တွေ ခဏခဏ တက်နေတဲ့အခါ (သို့) စနစ်က အလုပ်ကောင်းကောင်း မလုပ်တဲ့အခါ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ သိဖို့ လိုလာပါပြီ။......ဆက်ကြည့်ပါစို့
Process Hacker Process Hacker ကို ကျွန်တော်တို့ Computer က လုပ်ငန်းစဉ်များနဲ့ ၀န်ဆောင်မှုများကို ထိန်းချုပ်နိုင်တဲ့ Feature-packed Tool လို့ ဆိုရအောင်။ အောက်ဖော်ပြပါပုံမှာ ကွန်ပျူတာအလုပ်လုပ်နေတဲ့ လုပ်ငန်းစဉ်များကို တွေ့နိုင်ပါတယ်။ Process Hacker က အဆင့်ဆင့် ပြပေးထားပါတယ်။
အထက်တွင် ဖော်ပြထားသော ပုံတွင် အောက်ပါစာရင်းများကို တွေ့နိုင်ပါတယ်။
- လုပ်ငန်းလုပ်ဆောင်မှု အပြည့်အစုံစာရင်းနဲ့ ၄င်းတို့ကို ထိန်းချုပ်နိုင်တဲ့အမိန့်များ ( start, stop, pause, resume and delete)
- ကွန်ရက် ( network connection ) ဆက်သွယ်မှုစာရင်း
- လုပ်ငန်းစဉ်အားလုံးအတွက် အချက်အလက်များ၊ ဆောင်ရွက်မှုမှတ်တမ်း၊ အန္တရာယ်များစာရင်း၊ virtual mempry မြေပုံ၊ အချက်အလက်ပြမြေပုံ စသည်တို့ကို ကြည့်နိုင်ပါတယ်။
- ထို့အပြင် လုပ်ငန်းစဉ်အားလုံးကို အပြည့်အ၀ ထိန်းချုပ်ဖို့ရာ လုပ်ဆောင်ချက်များလည်းပါဝင်ပါတယ်။ ( ဥပမာ - လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲများရဲ့ ကာကွယ်ပေးနိုင်တဲ့ လုပ်ငန်းစဉ်၊ driver ဆော့ဖ်ဝဲများ ရဲ့ စွမ်းဆောင်ရည်၊ ၄င်းတို့ကို ဆိုင်းငံထားခြင်း၊ ရပ်ခြင်း၊ ပြန်လည်လုပ်ဆောင်စေခြင်းများ ဖြစ်ပါတယ်။
- IceSword, avast!, anti-virus, AVG antivirus, COMODO Internet Security စတဲ့ လုပ်ငန်းစဉ်များကို ထိန်းချုပ်ခြင်း၊
- ဖျောက်ထားတဲ့ ၊ ဖွက်ထားတဲ့ လုပ်ငန်းစဉ်များကို ရှာဖွေခြင်းနဲ့ ၄င်းတို့ကိုရပ်ဆိုင်းခြင်း၊ Process Hacker သည် Hacker Defender, FU ကဲ့သို့ ဖျောက်ထားတဲ့ rootkits များကို ချိတ်ဆက်ခြင်း Terminating IceSword
Hacker Defender detection- DLL ထည့်ခြင်းနဲ့ ပြန်ဖြုတ်ခြင်းနဲ့ အခြားများစွာသော လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။
ကဲ... ဒေါင်းလော့ယူမယ်ဆိုရင်တော့... http://processhacker.sourceforge.net/ မှာသွားယူနိုင်ပါတယ်
နည်းပညာဖလှယ်ရာမှကူးယုထားပါသည်

No comments:
Post a Comment