Tuesday, December 13, 2011

Windows ကို ကလိနည်း...

ကလေးကလားလို့ တော့ မထင်ပါနဲ့ဗျာ .. Windows မှာ ပါတဲ့ Kidding လေးတွေကို စိတ်ဝင်စားတာတော့ အမှန်ပဲ    ဗျ .. ။ မသိသေးတဲ့ သူငယ်ချင်းတွေကို ကော်ဖီတစ်ခွက်ကြေး လောက် လောင်းလို့ ရတဲ့ ဂိမ်းလေးတွေပေါ့ဗျာ .. ။ ပထမဆုံးအနေနဲ့ Window Vista မှာပါလာတဲ့ Desktop hack လို့ ပြောရမှာပေါ့ .. အဲဒါလေး လုပ်ကြည့်မယ်နော် .. ။ Vista မဟုတ်တဲ့ လူတွေကတော့ ပုံလေးပဲ အရင်ကြည့်ထားပေါ့ ..
စမယ်နော် ..
Run မှာ cmd လို့ ရေးပြီး Enter နှိပ်။ ပေါ်လာတဲ့ cmd မှာ အောက်ပါ အတိုင်း ရိုက်ထည့်ပါ။
bubbles.scr /p65552 အလယ်မှာ space တစ်ချက်ကို တွေ့မှာပါနော် ... ရေးတာမှန်ရင် အောက်ပါပုံ အတိုင်း Desktop မှာ ပူစီဘောင်းလေးတွေ အများကြီး တက်လာပါတယ် .. ။

တော်တော်လှတယ်နော် ... အဲဒါကို ပြန်ပိတ်ဖို့ window key ကို နှိပ်ပြီး task bar မှာ R-Click လုပ် Task Manager ကို click လုပ်ပြီး ခေါ်ပါ။ ပြီးရင် bubble ကို R-Click နဲ့ End task ပေးလိုက်ပါ။


အဲဒီ cmd မှာပဲ ribbons.scr /p65552 လို့ ထပ်ရိုက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း အလင်းတန်း လေးတွေ ပြေးနေတာကို တွေ့ပါလိမ့်မယ်။

အရင်နည်း အတိုင်းပဲ ပြန်ပိတ်လိုက်ပါ။

cmd မှာပဲ aurora.scr /p65552 လို့ ရိုက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း ရေတံခွန်လေးလို ကျလာတာကို တွေ့ပါလိမ့်မယ်။

ဒါတွေကတော့ Vista အတွက် ကျနော် ရှာတွေ့ သလောက်လေးပါ .. ။ Vista မဟုတ်ပဲ XP တင်ထားလို့ အားငယ်မသွားနဲ့ ဦး XP ရဲ့ cmd နဲ့ Star War လေး ထိုင်ကြည့်ကြရအောင် ..။ Vista မှာ ပြန်ပါမလာတော့ ပါဘူး .. ။ (အားလုံး သိပြီးသားဆိုရင် သီးခံပါဗျာ .. စုစည်းမိအောင် ရေးချင်လို့ပါ)
Run မှာ telnet လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။

ပေါ်လာတဲ့ cmd မှာ o “အို” လို့ရေးပြီး Enter နှိပ်ပါ။

လို့ပေါ်လာပါတယ်။ အောက်ပါအတိုင်း towel.blinkenlights.nl ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။

စာတန်းတွေ ပေါ်လာပါမယ် .. နည်းနည်းလောက် စောင့်ပေးလိုက်ပါ။ အောက်ပါအတိုင်း STAR WAR ကို စပြီး စာတမ်းထိုး တာကို တွေ့ရပါလိမ့်မယ်။



ပြီးရင်တော့ ထူးထူးဆန်းဆန်းယာဉ်ပျံတွေ၊ အဆောက်အဦးကြီးတွေနဲ့ အင်္ဂလိပ်စာတန်းထိုး STAR WAR သိပ္ပံကားကြီး ကို ကြည့်ရှူနိုင်ပါတယ်။




ဒီတစ်ခါတော့ ကျနော်ပြောထားတဲ့ သူငယ်ချင်းတွေ နဲ့ လောင်းလို့ ရတဲ့ ဂိမ်းလေးပေါ့ဗျာ ...။ Desktop ပေါ်က icon တွေကို နာမည် မပေးပဲ ဗလာထားပါမယ်..။ အရင်စမ်းကြည့်လိုက်ပါ .. ရသလားလို့ .. ။ ရတဲ့နည်းလေးပြောပြပါ့မယ် .. ။ ( သိပြီးသား ဖြစ်နေရင် ထုံးစံအတိုင်းပဲနော် ဟီဟီ .. ) Desktop ပေါ်က Recycle Bin Icon ကို R-Click လုပ်ပြီး Rename ကိုနှိပ်လိုက်ပါ။(F2 ကိုနှိပ်ရုံနဲ့လည်း Rename ဖြစ်တယ်၊ D-Click ကို ခြားပြီး နှိပ်ရင်လည်း Rename ဖြစ်ပါတယ် )

အပေါ်ကအတိုင်း name နေရာမှာ rename အတွက် select ဖြစ်နေတဲ့ အချိန်မှာ Alt ကီးလေး ဖိထားပြီး 255 ကိုနှိပ်လိုက်ပါ။ ပြီးရင် Enter နှိပ်လိုက်ပါ။ အောက်ပါအတိုင်း name မရှိတဲ့ icon ဖြစ်သွားပါမယ်။


နောက်တစ်ခုက ကျနော့်ကို ကိုကိုရဲ စတဲ့ဟာလေးပါ .. ။ သဲကြီးမဲကြီး ကြိုးစားတာဗျ .. ရဘူး .. ဟဟ ။ Folder တစ်ခုကို con လို့ နာမည်ပေးကြည့်။ အသစ်လုပ်တာပဲ ဖြစ်ဖြစ် ရှိပြီးသားကိုပဲ ဖြစ်ဖြစ် ပေးကြည့်ပါ။ နောက်ပြီး အခုန က အတိုင်း နာမည်မပါပဲ ပြောင်းကြည့်ပေါ့ ။ မရပါဘူး ... ဟီဟီ ..
ရတဲ့နည်းကတော့ name မပါပဲ ဖြစ်ဖြစ် con လို့ပဲ ဖြစ်ဖြစ် ရေးပြီးတော့ Alt ကီးကို ဖိထား 0160 ကို နှိပ်ပါ။ ပြီးရင် Alt ကီးကို လွှတ်ပေးလိုက်ပါ။ မဖြစ်နိုင်ဘူးဆိုတဲ့ Invisible Folder လေး ကို မြင်ရပါလိမ့်မယ် ။

Task bar ကို မြန်မာဖောင့် ပေါ်အောင် ဘယ်လိုလုပ်မလဲလို့ မေးခဲ့ကြတဲ့လူတွေ တော်တော်များတယ်။ အဲဒီအတွက် windows မှာ ဖောင့် ပြောင်းဖို့ ပေးမထားပါဘူး။ ပြောင်းလို့ရတာတွေက အောက်က ၈ နေရာဖြစ်ပါတယ်။ Desktop မှာ right click လုပ်ပြီး properties ကို နှိပ်ပါတယ်။ Appearence ဆိုတဲ့ tab မှာ Advanced ကိုနှိပ်ပြီး အောက်ပါ ၈ မျိုးကို ပြောင်းနိုင်ပါတယ်။

Image Hosting by Picoodle.com

1 . Active Title Bar
2 . Inactive Title Bar

Image Hosting by Picoodle.com



3 . Icon
Image Hosting by Picoodle.com


4 . Menu
Image Hosting by Picoodle.com


5 . Massage box
Image Hosting by Picoodle.com


6 . Palette title bar
Image Hosting by Picoodle.com


7 . Selected Items
Image Hosting by Picoodle.com


8 . Tool Tip
Image Hosting by Picoodle.com



အဲဒါတွေပြောင်းပြီးတဲ့ အခါမှာ နေရာတော်တော်များများမှာ ဇော်ဂျီဖောင့် ပြောင်းသွားပေမယ့် task bar မှာ မပေါ်သေးပါဘူး။ အဲဒါကို ကျနော် ပြောင်းချင်လို့ My Myanmar ကို သုံးကြည့်ခဲ့ပါသေးတယ်။ သူက win ဖောင့်ကို အခြေခံထားတော့ စာလုံးတွေ တလွဲတွေ ဖြစ်နေတာပေါ့။ ကျနော်တို့က ဇော်ဂျီပဲ သုံးနေကြတာကိုး။ ပြန်ဖြုတ်မယ်ဆိုတော့လည်း uninstall program မပါပါဘူး။ အဲဒါနဲ့ပဲ Total Uninstall သုံးပြီး ဖြုတ်လိုက်တော့လည်း သူပြင်ပေးလိုက်တဲ့ နေရာတွေမှာ unicode မပေါ်နိုင်တော့ဘူး။ Windows ပြန်တင်ရမလိုကို ဖြစ်နေတာ Styler လေးနဲ့မှ အဆင်ပြေသွားတယ်။

Image Hosting by Picoodle.com

Download Mirror 1 :   ဒီမှာရယူပါ  (Zip)

                       အပေါ်မှာမရရင်

Download Mirror 2:
   ဒီမှာထပ်ယူပါ (Rar)

အဲဒါလေး ဒေါင်းပြီး run လိုက်ပါ။ ပြီးသွားရင် All programs မှာ Styler ကို နှိပ်ပြီး ဖွင့်လိုက်ပါ။

Image Hosting by Picoodle.com

task bar မှ styler ရဲ့ tray icon လေးကို right click လုပ်ပြီး show ကို နှိပ်လိုက်ပါ။
Image Hosting by Picoodle.com

ပေါ်လာတဲ့ style tab မှာ font ကိုနှိပ်ပြီး Zawgyi-One ကို ရွေးပေးပြီး This setting is always used ဆိုတာကို check ပေးလိုက်ပါ။ ပြီးရင် Apply Changes ကို နှိပ်ပေးလိုက်ပါ။
Image Hosting by Picoodle.com

အောက်ပါအတိုင်း task bar မှာ မြန်မာဖောင့် ပေါ်တာတွေ့ပါလိမ့်မယ်။
Image Hosting by Picoodle.com

Toolbar ဆိုတဲ့ tab မှာ စတိုင်တွေကို ရွေးပြီး Double click ပေးပြီး ပြောင်းနိုင်ပါတယ်။
Image Hosting by Picoodle.com

အောက်ပါအတိုင်း ပြောင်းပြီးသား toolbar မှာ အလွယ်တကူ ပုံစံတွေ ပြောင်းသုံးနိုင်ပါတယ်။
Image Hosting by Picoodle.com

အခြားသော shadow တွေကိုလည်း ကိုယ်တိုင်ပဲ စမ်းလိုက်တော့နော်။

အခု ဒါလေးသုံးပြီး မြန်မာဖောင့်ပြောင်းတာတွေကို ရေးပေးလိုက်ပါတယ်။ အခြားသော ဘာသာစကား ဘယ်နှစ်မျိုးပဲ တတ်တတ်မိမိဘာသာစကားနဲ့ သုံးရတာလောက် ကျေနပ်ဖို့မကောင်းပါဘူး ဟုတ်တယ်ဟုတ် ။ ကျေနပ်ကြပါစေဗျာ ...


http://sites.google.com/site/alinnyaungdownload/Home/11-1မှကူးယူထားပါသည်

No comments:

Post a Comment